Tuesday, May 17, 2016

ဓမ္မတာလာချိန် ဒါတွေကို လုံးဝ မလုပ်ပါနဲ


အမျိုးသမီးတွေ ဓမ္မတာလာချိန် အောက်ပါတွေကို လုံးဝမလုပ်သင့်ဘူးဆိုတာ သင်သိပါသလား။ 
အချို့အမျိုးသမီးတွေဟာ ဓမ္မတာလာချိန် ဘာပြဿနာမှ မရှိဘဲ ဖြတ်ကျော်နိုင်ကျပေမယ့် တစ်ချို့ကျတော့ ငရဲထဲဆင်းရသလိုပါပဲ။ နာကျင်ကိုက်ခဲမှုနဲ့ ခန္ဒာကိုယ်မှာ နာကျင်မှုတွေကို ခံစားရတတ်ပါတယ်။
ဒါတွေကို ရှောင်ရှားနိုင်ဖို့ ဒါမှမဟုတ် ပိုဆိုးသွားတာမျိုးမဖြစ်စေဖို့ ဓမ္မတာလာချိန်မှာ ဒါတွေကို လုံးဝမလုပ်ဘဲ ရှောင်ကြဉ်သင့်ပါတယ်။
၁။ အစာမရှောင်ပါနဲ့။
ဓမ္မတာလာချိန်မှာ အစားအစာကို ပုံမှန်စားပါ။ ခန္ဒာကိုယ်က သွေးတွေကို ဆုံးရှုံးနေရချိန်ဖြစ်တဲ့အတွက် ခန္ဒာကိုယ်က လိုအပ်တဲ့ အဟာရရရှိဖို့ အစားအစာနဲ့ ရေကို ပုံမှန်စားသုံးသင့်ပါတယ်။
၂။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ မလုပ်ပါနဲ့။
ဓမ္မတာလာချိန်မှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ ရာခိုင်နှုန်းကို ပိုများလာစေရုံသာမက ရောဂါကူးစက်မှုနှုန်းလည်း ပိုများပါတယ်။ 
ဒါကြောင့် မီးနီလာတဲ့အချိန် ချစ်သူကို အကာအကွယ်မပါဘဲ မီးနီဖြတ်မောင်းခွင့်မပြုသင့်ပါ။
၃။ ပင်ပန်းတဲ့ အလုပ်တွေ မလုပ်ပါနဲ့။
ဓမ္မတာလာချိန် အလုပ်မလုပ်ဘဲ နေလို့ မရပေမယ့် ခန္ဒာကိုယ်နဲ့ စိတ်ကို အင်မတန်ပင်ပန်းစေတဲ့ အလုပ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ 
လေ့ကျင့်ခန်းလုပ်တာဟာ ဓမ္မတာလာချိန်နာကျင်တာကို လျှော့ချပေးနိုင်ပေမယ့် ခန္ဒာကိုယ်ကို ပင်ပန်းစေနိုင်လောက်တဲ့အထိ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။
၎။ တစ်ညလုံးမအိပ်ဘဲ နေတာကို ရှောင်ကြဉ်ပါ။
လတစ်လရဲ့ ဒီအချိန်ကို ရောက်လာပြီဆိုရင် လုပ်သင့်တာက အိပ်ယာစောစောဝင်တာပါ။ 
အိပ်ယာဝင်တာနဲ့ အိပ်မပျော်ဘူးဆိုရင် သီချင်းအေးအေးလေးကို နားထောင်ပြီး မျက်လုံးပိတ်ကာ အနားယူသင့်ပါတယ်။  
အခြား သတိထားရမည့်အချက်များ
- ဓမ္မတာလာချိန်မှာ ရေခဲရေသောက်တာကို ရှောင်ရှားသင့်ပါတယ်။ ရေခဲရေဟာ သားအိမ်နံရံတွေမှာ သွေးတွေကပ်ညှိနေစေဖို့ ကူညီပေးပြီး ဒီလိုအဖြစ်များလာရင် ၅ နှစ်နဲ့ ၁၀ နှစ် နောက်ပိုင်းမှာ ကင်ဆာရောဂါဖြစ်လာနိုင်ပါတယ်။
- ဆိုဒါမသောက်ပါနဲ့။
- ဓမ္မတာလာချိန် သခွားသီး မစားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သခွားသီးဟာလည်း ရေလိုပဲ သားအိမ်နံရံမှာ သွေးနဲ့ အခြားအရေအချို့ကျန်ရှိနေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...