Sunday, March 10, 2013

ဝ ချင်သူများအတွက်




ဝ လာ ဖို့ အတွက်လို့ ဆိုရာမှာ ကျန်းမာရေးနဲ့ညီညွတ်စွာ ၀လာဖို့လိုအပ်ပါတယ်။ လူ ၀ လာတာနဲ့ အမျှ သွေးတိုး၊ ဆီးချို၊
လေးဘက်နာတွေကလည်း ဖြစ်နိုင်ချေပိုများလာမှာပါ။အဲ့ဒီအတွက် ကျွန်မတို့ဘေးဥပဒ်ကင်းစွာ ၀ ဖို့ကြိုးစားရအောင်။

၁။ အစား ပုံမှန်စားခြင်း။
အစားကို အချိန်မှာ စားတာဟာ ကျန်းကျန်းမာမာနဲ့ ၀ လာစေဖို့ အတွက် နည်းလမ်းကောင်းတစ်ခုပါ။ ဆိုလိုတာကတော့
ဆာတဲ့ အချိန်မှာ လှိမ့်ပိမ့် စား၊ အသားကုန်စားပြီး မဆာတဲ့ အချိန်မှာတော့ ဘာမှ မစားဘဲ နေတာမျိုးဟာ မကောင်းပါဘူး။
ကျန်းမာစွာ ၀ လာစေဖို့ အတွက် အစာကို အချိန်နဲ့ အချိန် စား ဖို့ ကလည်း အရေးကြီးပါတယ်။

၂။ ပုံမှန် အိပ်ခြင်း။
အိပ်ရေး ပျက်တဲ့လူတွေက အ၀လွန်ရောဂါ ဖြစ်နိုင်ချေ များပါတယ်။ ထို့အတူပဲ အလွန်အကျွံအိပ်တဲ့ လူအတွက်လည်း အ
စာစားချင်စိတ်လျော့နည်းပြီး ပိန်တတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာဖို့ အတွက်ဆိုရင် အချိန် နဲ့ အချိန် ပုံမှန် အိပ်ဖို့ လည်း
လိုအပ်ပါတယ်။

၃။ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု ပြုခြင်း
လူကတော့ ၀လာပါရဲ့ အဆီတွေချည်းသာဆိုရင် ရောဂါများမယ်။ လေးလံထိုင်းမှိုင်းမယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း လုပ်သင့်
ပါတယ်။ အကောင်းဆုံး လေ့ကျင့်ခန်းကတော့လမ်းလျှောက်ခြင်းပါ။ တစ်နေ့ကိုအနည်းဆုံးနာရီဝက်လောက် လမ်းလျှောက်
ပေးခြင်းအားဖြင့် လှ ပ ၀ဖြိုးလာပါလိမ့်မယ်။

ဝ စေသော အစားအစာများ

၁။ အဆီ
တိရစ္ဆာန်ဆီ၊ စားအုန်းဆီ၊ အုန်းဆီ၊ ပြည့်ဝဆီတွေဟာ ၀ စေတဲ့ အဆီတွေပါ။ ဒါပေမယ့် ဒါတွေကို စားရင် ကိုလက်စထရော 
တက်မယ်၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအဆီဖုံး၊ အသည်း အဆီဖုံးရောဂါတွေ ဖြစ်မယ်။ ဒါ့ကြောင့် မစား သင့်ပါဘူး။
ပဲဆီစစ်စစ်၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ ၊ ဟင်းသီးဟင်းရွက်ဆီ စတာတွေကတော့ မပြည့်ဝဆီတွေဖြစ်ပါတယ်။ ကျန်းမာ
ရေးနဲ့ ညီညွတ်ပါတယ်။ခြွင်းချက်အနေနဲ့ ပင်လယ်ငါးကြီးဆီ၊ အဆီပါတဲ့ ငါး ၊ ငါးဆီ ကတော့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်
ပါဝင်ပြီး ဥင်္ီးနှောက်ကို အထောက်အကူ ပြုတဲ့ အတွက် စားသုံးသင့်ပါတယ်။

၂။ အသား
အသားအမျိုးမျိုး၊ ငါး အမျိုးမျိုးတို့ မှာ ပရိုတိန်းလို့ ခေါ်တဲ့ အသားဓာတ်ပါဝင်တဲ့ အတွက် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို
အထောက်အကူ ပြုပါတယ်။

၃။ ဥ
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ လိပ်ဥ စတဲ့ ဥ အမျိုးမျိုးကလည်း ၀ စေပါတယ်

၎။ နို
နွားနို့၊ ကျွဲနို့ ၊ ဆိတ်နို့ ၊ ပဲ နို့

၅။ ပျားရည်
ပျားရည်ဟာ စွယ်စုံသုံးလို့ ရတဲ့ ပစ္စည်းပါ။ ပိန်ချင်ရင် ထမင်း မစားခင် ပျားရည်ကို သောက်ပြီး ၀ ချင်ရင်တော့ ထမင်းစားပြီး
ပျားရည်ကို သောက်ရပါတယ်။

၆။ Pollen ပန်းဝတ်မှုန်
ပိုလန် ဆိုတာ ပန်းတွေရဲ့ ၀တ်မှုန်ပါ။ ပျားရည်ထဲမှာ ပိုလန်ပါ ပါတယ်။ ပိုလန်ကို Capsule တောင့် ပုံစံလေးနဲ့ ရနိုင်ပါတယ်။
ပိုလန်ဟာလည်း ပျားရည်လိုပဲ အစွမ်းထက်ပါတယ်။ စနစ်တကျ ထုတ်လုပ်ထားတဲ့ အတွက် ဘေးဥပါဒ်လည်းမဖြစ်နိုင်ပါဘူး။
ဓာတ်မတည့်လို့ Allergy ထ တာမျိုး မရှိနိုင်ပါ။ပိုလန်ကို အလုံး ၁၅၀ ပါ ဘူးကြီး တစ်ဘူးလျှင် ၂၄၀၀၀ ကျပ်နှုန်းနဲ့ဝယ်နိုင်ပါ
တယ်။

မိန်းကလေးများ တီရှပ်လှလှဝတ်တတ်ကြစေရန်....





Short - အရပ်ပုသူများအတွက် လိုက်ဖက်သည့်ပုံစံ

  - ရိုးရှင်းပြီး မိမိနှင့်ကွက်တိတော်သည့် အင်ကျီများ။
  - ခါးခပ်မြင့်မြင့် သိမ်းထားသည့် အင်ကျီများက မိမိရဲခြေတံကို
    ပို၍ရှည်သယောင် ဖြစ်စေပါတယ်။
  - အင်ကျီလက်ပေါက်ခပ်မြင့်မြင့် ၊ လည်ကင်းလောက်ထိ ကြယ်သီးပါတဲ့
    လည်ထောင်လို အင်ကျီ၊ မင်ဒရင်းကော်လာများနဲ့ ပုံစံများကလည်း မိမိရဲ့
    ကိုယ်လုံးကိုပိုပြီးရှည်စေတယ်။
  - နူးညံ့ပျော့ပျောင်းတဲ့ ပိတ်စများနှင့် ချုပ်ထားတဲ့ အင်ကျီများကို ဝတ်သင့်ပါတယ်။

   ရှောင်ရန်
  ခပ်မာမာပိတ်စများ၊ ဘေးကိုကားထွက်သရောင်ထင်စေတဲ့
  ခပ်ပွပွအဝတ်အစားများနဲ့ အထူးတလည်မွမ်းမံချုပ်လုပ်ထားတဲ့
  အဝတ်အစားများက အရပ်ပုသူများရှောင်သင့်တဲ့အချက်များ ဖြစ်ပါတယ်။
     

         Curvy - ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နဲ့ ပြည့်စုံသူတွေအတွက်

       - ဒီခန္ဓာကိုယ် အချိုးအဆစ်ရှိတဲ့အမျိုးသမီများဟာ ခါးအောက်ထိရှည်ပြီး
        မချောင်လွန်းမကျယ်လွန်းတဲ့ အင်ကျီမျိုးဝတ်ဆင်သင့်ပါတယ်။
      - ခန္ဓာကိုယ်ကိုရစ်ပတ်ချည်နှောင်ရတဲ့ Wrap Style လို အင်ကျီမျိုးနဲ့
        လည်ဟိုက်အင်ကျီများလိုက်ဖက်ပါတယ်။
      - ဗွီပုံလည်ပင်းခပ်ဟိုက်ဟိုက်၊ ကော်လာသေးသေးပါတဲ့အင်ကျီမျိုး။
      - ရင်ဘတ်ထောက်ပါတဲ့အင်ကျီမျိုးတွေဟာ ဒီခန္ဓာအမျိုးအစားတွေအတွက်
        အထူးလိုက်ဖက်ပါတယ်၊ ပန်းပွင့်ပန်းခက်တွေခပ်များများပါတဲ့ အဆင်မျိုးကျတော့
       သိပ်မလိုက်ပြန်ဘူး။
     - နောက်ပြီးနူးညံ့ပျော့ပျောင်းတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့အင်ကျီဟာ မိမိရဲ့ခန္ဓာကိုယ်
       အချိုးအစားကို ပိုပြီးပေါ်လွင်စေပါတယ်။

      ရှောင်ရန်
     အရမ်းပါးလွှာတဲ့ ပိတ်စများ၊ တစ်ဖြောင့်တည်းချုပ်ထားတဲ့အင်ကျီပုံစံများ၊
     အင်ကျီအောက်အနားက တင်ပါးရဲ့ အစွံကားဆုံးနေရာမှာရောက်နေတာမျိုး၊
     ချောင်လွန်းသော၊ ပွလွန်းသော အင်ကျီများနဲ့ ကျပ်လွန်းသောအင်ကျီများကိုတော့
     သတိထားပြီးရှောင်ရပါ့မယ်။


            Boyish - ပိန်ပိန်ပါးပါး၊ သွယ်သွယ်လျလျ ခန္ဓာကိုယ်အချိုးအစားများအတွက်

       - ဒီခန္ဓာအချိုးအစားကတော့ ခပ်ပိန်ပိန်ပါးပါးနဲ့ ရှိသင့်တဲ့အဖုအထစ်များ သိပ်မပေါ်လွင်
        တဲ့ ခန္ဓာကိုယ်ကိုဆိုလိုပါတယ်။
      - အမျိုးသားဝတ်ရှပ်အင်ကျီ အသေးလေးများကို ဝတ်ဆင်နိုင်ပါတယ်။
      - မိမိနှင့်ကါက်တိတော်သည့် အင်ကျီများ၊ အင်ပါယာခါးစတိုင်နှင့် ခပ်ကျဉ်းကျဉ်း
        ဗွီပုံလည်ပင်းပေါက် အင်ကျီများကို ဝတ်ဆင်သင့်ပါတယ်။
     - အောက်အနားအနည်းငယ်ကားတဲ့အင်ကျီလက်တိုများ၊ ရင်ဘတ်အိပ်ပါအင်ကျီများက
       မိမိရဲ့ ရင်သားအနညးငယ်ကို မို့ဖောင်းသယောင် ထင်စေပါတယ်။
     - ကော်လာခပ်ကြီးကြီးနှင့် လည်ပင်းပေါက်နောက်ကြိုးသိုင်း ပါတဲ့အင်ကျီများ။

       ရှောင်ရန်
    ပခုံလျှော့လက်မောင်းဆက်အင်ကျီများ၊ ကီမိုနိုလက် ခပ်ပွပွအင်ကျီလက်များ၊
     မာသောပိတ်စများနှင့် ချုပ်ထားသော အင်ကျီများနှင့်မည်သည့်ပွယောင်းယောင်း
      ဝတ်စုံကိုမဆို ရှောင်သင့်ပါသည်။


          Narrow Shoulder - ပခုံးကျဉ်းသူများအတွက်လိုက်ဖက်သည့်ပုံစံများ

       - ပခုံးရေမြုပ်ပါအင်ကျီ၊ ပခုံးစွန်းအနည်းငယ်ထွက်နေသည့်အင်ကျီလက်။
       - လက်ဖောင်းအင်ကျီ၊ ပန်းဖွားပခုံးဒေါက်၊ရင်ဘက်တွင်အိပ်ပါသောအင်ကျီများ
       - ဗွီပုံလည်ပင်းပေါက် ခပ်ကျယ်ကျယ် ၊ကော်လံခပ်ကြီးကြီးများ။
      - ခန္ဓာကိုယ်ရစ်ပတ်တဲ့ Wrap Style  အင်ကျီများ
        ကကျဉ်းနေတဲ့ပခုံးကိုအားဖြည့်ပေးတယ်။

        ရှောင်ရန်
      - ပခုံးလျှော လက်မောင်းဆက်အင်ကျီ
       -ကီမိုနိုအင်ကျီလက်ပွ
       - လည်ပင်းမှာသွားစုနေတဲ့ အင်ကျီပုံစံ
            Brod Should - ပခုံးကျယ်သူများလိုက်ဖက်သည့်ပုံစံ
     - ပခုံးလျှောလက်၊ အရောင်ရင့်ရင့်၊ ဗွီပုံလညိပင်းခပ်ဟိုက်ဟိုက်
     - ကော်လာကျဉ်းကျဉ်းသေးသေး၊ လက်အနားခေါက်ပါသည့်အင်ကျီများ

         ရှောင်ရန်

         Wrap Style အင်ကျီများ၊ကော်လာအကြီး၊ လက်ဖောင်းအင်ကျီ
        ပခုံးရေမြုပ်ပါအင်ကျီ၊ရင်ဘတ်အိပ်ပါသောအင်ကျီ၊ တောက်ပသောလေး
         ထောင့် ဒီဇိုင်းဆန်သောပိတ်စများ
         လည်ပင်းကျယ်ကျယ်

ဒီအချက်တွေကတော့ကျယ်နေတဲ့ပခုံးကိုပိုပြီးကျယ်သ ယောင်ထင်စေရတဲ့အတွက် သတိထားသင့်ပါတယ်။

Full Bust- ရင်သားပြည့်ဖြိုးသူများအတွက်လိုက်ဖက်သည့် အချက်များ

  • မိမိနှင့်ကွက်တိတော်သောအင်ကျီများနှင့်
  • ဗွီပုံလည်ပင်းခပ်ဟိုက်ဟိုက်Warp Styleအင်ကျီများ
  • ကော့ဆက်ပုံစံများ(ခန္ဓာကိုယ်တွင်တင်းတင်းရင်းရင်းရှိပြီးရင်သားနေရာတွင်အနည်းငယ်ချောင်သောပုံစံ)
  • လေးထောင့်ဆန်ဆန်ကော်လံများ
  • ရင်ဘက်ဒေါက်ပါအင်ကျီများ
  • ရင်ဘက်နေရာအနည်းငယ်ရှည်သယောင်ဖြစ်စေဖို့ပခုံးတွင်အခုအခံအနည်းငယ်ထည့်နိုင်ပါတယ်
  • တံတောင်ဆစ်လောက်မှစပြီးအောက်ဘက်ကိုအနည်းငယ်ကားသွားသည့်အင်ကျီလက်ရှည်
ရှောင်ရန်
  • အနံဗြက်ကျယ်သောခါးစည်းများ
  • အောက်နားကားသောလက်တိုအင်ကျီ
  • ကော်လာကြီးကြီး
  • အပွင့်အဆင်ခပ်ကြီးကြီး
  • မာသောပိတ်စများ
  • ပုခုံးလျှောအင်ကျီ
  • ပွယောင်းယောင်းအင်ကျီ
  • ကီမိုနိုစတိုင်အင်ကျီ
Small Bust- ရင်သားသေးသူများနှင့်လိုက်ဖက်သည့်အချက်များ
  • မိမိနဲ့ကွက်တိတော်သည့်အင်ကျီများ၊အင်ပါရာခါးတိုင်နဲ့ခပ်ကျဉ်းကျဉ်းဗွီပုံလည်ပင်းပေါက်အင်ကျီများ
  • ရင်ဘက်အပ်ပါအင်ကျီများကမိမိရဲ့ရင်သားအနည်ငယ်မို့ဖောင်းသယောင်ထင်စေသည်
  • -အောက်ပိုင်းမှဝတ်ထားသောအဝတ်အစားအရောင်ထက်ပိုမိုအရောင်တောက်သောအင်ကျီ
  • ကော်လာခပ်ကြီးကြီးအင်ကျီများ
ရှောင်ရန်
  • -ပုံစံကျအောင်ချုပ်ထားသောခပ်တောင့်တောင့်အင်ကျီများ
(ကိုယ်ခန္ဓာ အင်ကျီပုံအတွင်းပြည့်အောင်မဖြည့်နိုင်၍)
  • မာသောပိတ်စများ
  • -ပွယောင်းယောင်းအင်ကျီ
  • -ကီမိုနိုစတိုင်လက်ပွပွ
Tummy-ဗိုက်ပူသူများအတွက်လိုက်ဖက်သည့်အချက်များ
  • -မချောင်လွန်းမကျပ်လွန်းသောအင်ကျီ၊အင်ကျီအရှည်ကခါအောက်ပိုင်းနှင့်ကွက်တိဖြစ်သောအင်ကျီ
  • -ပူနေသောဗိုက်ကိုအာရံမရောက်အောင်ဗွီပုံလည်ပင်းခပ်ဟိုက်ဟိုက်အင်ကျီများ
  • -သိပ်မကျပ်၊အသားသိပ်မကပ်တဲ့ပိတ်စနဲ့ချုပ်ထားတဲ့အင်ကျီ
  • -ဒေါင်လိုက်အရသာရအောင်၊ဒေါင်လိုက်အစင်းပါတဲ့အင်ကျီ၊ချိုင်းထိမြင့်အောင်ချုပ်ထားတဲ့အင်ကျီ
  • -အပေါ်အောက်အရောင်လိုက်ဖက်မှုရှိအောင်ဝတ်သင့်ပါတယ်
ရှောင်ရန်
  • အရမ်းအသေးစိတ်ကြအောင်ဖြတ်တောက်ချုပ်ထားသော၊
  • ဒီဇိုင်းပေါ်လွင်အောင်အထူးဖန်တီးထားသောအင်ကျီများ
အထူးသဖြင့်ပူနေသောဗိုက်နားမှာဒီဇိုင်းတွေများနေရင်ပူတဲ့ဗိုက်ကိုပေါ်စေတယ်.......


LinkWithin

Related Posts Plugin for WordPress, Blogger...