Thursday, November 26, 2015

ဖုန်းအားသွင်းရင် ဖုန်းပြောလျှင်

ဖုန်းအားသွင်းရင်း ဖုန်းပြောရင် ပေါက်ကွဲပါတယ် ဆိုတဲ့ သတင်းများ ထွက်ပါတယ်။ ယင်းသတင်းများဟာ မှားယွင်းပါတယ်။ လေယာဉ်ပေါ်မှာ ပေါက်ကွဲတာတွေရော၊ အိမ်မှာပေါက်ကွဲတာတွေရော၊ အသားတွေကွာကျနေတာတွေကော အားလုံးက  တွေ မမှန်ကန် သတင်းတွေသာ ဖြစ်ပါတယ်။
အကယ်၍ ဖုန်းထုတ်တဲ့ ကုမ္ဗဏီက ထုတ်တဲ့ အော်ရီဂျင်နယ် အားသွင်းကြိုး၊ အားသွင်း အဒတ်တာ တုံး ကို အသုံးပြုမယ်ဆိုရင် ဘာမှ မဖြစ်ပါဘူး။ အကယ်၍ တရုတ်ပြည်က ဝင်တဲ့ Thrid Party ကြိုးများဆိုရင်တော့
ဗို့အား အချိန်အဆ မမှန်မှုကြောင့်သော် လည်းကောင်း၊ ကြိုးမှ ပေါက်ပြဲနေမှုကြောင့်သော် လည်းကောင်း ဓာတ်လိုက်တတ်ပါတယ်။ ဗြိတိန်မှာကော၊ တရုတ်ပြည်မှာကော အော်ရီဂျင်နယ်ကြိုး (မူရင်းကြိုး) မဟုတ်ပဲ အခြား Brand တစ်ခုကနေ အပိုပစ္စည်း ဝယ်သုံးခြင်းကြောင့် ဖြစ်တဲ့ ဓာတ်လိုက်မှုတော့ ၂ ခုမက ရှိပါတယ်။ Apple နဲ့လည်း ဖြစ်သလို အခြား Brand နဲ့လည်း ဖြစ်ပါတယ်။
အားသွင်းနေတုန်း ဖုန်းပြောဒါကို ရှောင်နိုင်ရင်တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မိမိ အသုံးပြုတဲ့ ကြိုးက ပေါက်ပြဲနေမယ်ဆိုရင်တော့ ဓာတ်လိုက်နိုင်ချေ ရှိပါတယ်။ အကယ်၍ အရေးတကြီးဖုန်းဖြေစရာရှိလို့ ဖုန်းကိုင်လိုက်ရရင်တော့ ခြေထောက်မှာ ဖိနပ်စီးထားရင် စီးထား မဟုတ်ရင် သံမန်တလင်း မဟုတ်တဲ့ အခြား ဖျာ၊ ကော်ဇော ခင်းထားတာမျိုးတွေဆိုရင် အန္တရာယ် ကင်ါးပတယ်။
ကျွန်တော်ဆိုရင် အရေးကြီး ဖုန်းခပ်မြန်မြန်ပြောစရာလည်းရှိတယ်။ အားလည်း သွင်းစရာရှိတယ်ဆိုရင် ဖုန်းဝင်လာရင် တစ်ခါတစ်လေ ကြိုးမဖြုတ်ပဲ ဖြေပါတယ်။ အဲ့လိုလုပ်ပါလို့လဲ မဆိုလိုပါ။ အဓိကကတော့ ကြိုးဟာ မူရင်းကြိုးလည်းဖြစ်၊ အပေါက်အပြဲလည်း မရှိ၊ ဖိနပ်လည်း စီးထားတယ် ဆိုရင် အန္တရယ် ကင်းပါတယ်။
အကယ်၍ မူရင်းကြိုးမဟုတ်၊ Brand အစစ်က ကြိုးမဟုတ်ပဲ တရုတ်ပြည်ကနေ လာတဲ့ ဈေးပေါ ကြိုးတစ်ခုခု သို့မဟုတ် အခြားသော ကြိုးများဆိုရင်တော့ အာမ မခံပါ ဓာတ်လိုက်တတ်ပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ပေါက်ကွဲတာတို့ အရေခွံကြီး ကွာကျ၊ မျက်နှာတို့ ပေါက်ကွဲတာတို့ကတော့ မဖြစ်ပါ။
 HUAWEI ကြိုးနှင့် SAMSUNG ဖုန်းကိုသွင်းရင်ရှော့ဖြစ်တက်ပါတယ်သတိထားပါ 
 

2 comments:

  1. ​အော်​ အဲ့ဂလိုလား သိပါဘု ​ပေါက်​ကွဲ တတ်​တယ်​မှတ်​တာ။
    လွမ်းတာ ​တော်​ရယ်
    အသူ(​ခေတ္တ နတ်​ပြည်​) :-P

    ReplyDelete
    Replies
    1. အသူ နတ်ပြည်မှာ နတ်သားလေးတွေနဲ့သာယာနေတောကငါ့ကိုမေ့ပြီပေါ့လေ :(

      Delete

LinkWithin

Related Posts Plugin for WordPress, Blogger...