- ရိုးရှင်းပြီး
မိမိနှင့်ကွက်တိတော်သည့် အင်ကျီများ။
- ခါးခပ်မြင့်မြင့်
သိမ်းထားသည့် အင်ကျီများက မိမိရဲခြေတံကို
ပို၍ရှည်သယောင် ဖြစ်စေပါတယ်။
- အင်ကျီလက်ပေါက်ခပ်မြင့်မြင့်
၊ လည်ကင်းလောက်ထိ ကြယ်သီးပါတဲ့
လည်ထောင်လို အင်ကျီ၊ မင်ဒရင်းကော်လာများနဲ့ ပုံစံများကလည်း မိမိရဲ့
ကိုယ်လုံးကိုပိုပြီးရှည်စေတယ်။
- နူးညံ့ပျော့ပျောင်းတဲ့
ပိတ်စများနှင့် ချုပ်ထားတဲ့ အင်ကျီများကို ဝတ်သင့်ပါတယ်။
ရှောင်ရန်
ခပ်မာမာပိတ်စများ၊
ဘေးကိုကားထွက်သရောင်ထင်စေတဲ့
ခပ်ပွပွအဝတ်အစားများနဲ့
အထူးတလည်မွမ်းမံချုပ်လုပ်ထားတဲ့
အဝတ်အစားများက
အရပ်ပုသူများရှောင်သင့်တဲ့အချက်များ ဖြစ်ပါတယ်။
Curvy - ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နဲ့
ပြည့်စုံသူတွေအတွက်
- ဒီခန္ဓာကိုယ် အချိုးအဆစ်ရှိတဲ့အမျိုးသမီများဟာ ခါးအောက်ထိရှည်ပြီး
မချောင်လွန်းမကျယ်လွန်းတဲ့ အင်ကျီမျိုးဝတ်ဆင်သင့်ပါတယ်။
- ခန္ဓာကိုယ်ကိုရစ်ပတ်ချည်နှောင်ရတဲ့ Wrap Style လို အင်ကျီမျိုးနဲ့
လည်ဟိုက်အင်ကျီများလိုက်ဖက်ပါတယ်။
- ဗွီပုံလည်ပင်းခပ်ဟိုက်ဟိုက်၊ ကော်လာသေးသေးပါတဲ့အင်ကျီမျိုး။
- ရင်ဘတ်ထောက်ပါတဲ့အင်ကျီမျိုးတွေဟာ ဒီခန္ဓာအမျိုးအစားတွေအတွက်
အထူးလိုက်ဖက်ပါတယ်၊
ပန်းပွင့်ပန်းခက်တွေခပ်များများပါတဲ့ အဆင်မျိုးကျတော့
သိပ်မလိုက်ပြန်ဘူး။
- နောက်ပြီးနူးညံ့ပျော့ပျောင်းတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့အင်ကျီဟာ
မိမိရဲ့ခန္ဓာကိုယ်
အချိုးအစားကို ပိုပြီးပေါ်လွင်စေပါတယ်။
ရှောင်ရန်
အရမ်းပါးလွှာတဲ့ ပိတ်စများ၊
တစ်ဖြောင့်တည်းချုပ်ထားတဲ့အင်ကျီပုံစံများ၊
အင်ကျီအောက်အနားက တင်ပါးရဲ့ အစွံကားဆုံးနေရာမှာရောက်နေတာမျိုး၊
ချောင်လွန်းသော၊ ပွလွန်းသော အင်ကျီများနဲ့
ကျပ်လွန်းသောအင်ကျီများကိုတော့
သတိထားပြီးရှောင်ရပါ့မယ်။
Boyish
- ပိန်ပိန်ပါးပါး၊ သွယ်သွယ်လျလျ ခန္ဓာကိုယ်အချိုးအစားများအတွက်
- ဒီခန္ဓာအချိုးအစားကတော့ ခပ်ပိန်ပိန်ပါးပါးနဲ့ ရှိသင့်တဲ့အဖုအထစ်များ
သိပ်မပေါ်လွင်
တဲ့ ခန္ဓာကိုယ်ကိုဆိုလိုပါတယ်။
- အမျိုးသားဝတ်ရှပ်အင်ကျီ အသေးလေးများကို ဝတ်ဆင်နိုင်ပါတယ်။
- မိမိနှင့်ကါက်တိတော်သည့် အင်ကျီများ၊ အင်ပါယာခါးစတိုင်နှင့်
ခပ်ကျဉ်းကျဉ်း
ဗွီပုံလည်ပင်းပေါက် အင်ကျီများကို
ဝတ်ဆင်သင့်ပါတယ်။
- အောက်အနားအနည်းငယ်ကားတဲ့အင်ကျီလက်တိုများ၊ ရင်ဘတ်အိပ်ပါအင်ကျီများက
မိမိရဲ့ ရင်သားအနညးငယ်ကို မို့ဖောင်းသယောင် ထင်စေပါတယ်။
- ကော်လာခပ်ကြီးကြီးနှင့် လည်ပင်းပေါက်နောက်ကြိုးသိုင်း
ပါတဲ့အင်ကျီများ။
ရှောင်ရန်
ပခုံလျှော့လက်မောင်းဆက်အင်ကျီများ၊ ကီမိုနိုလက်
ခပ်ပွပွအင်ကျီလက်များ၊
မာသောပိတ်စများနှင့် ချုပ်ထားသော
အင်ကျီများနှင့်မည်သည့်ပွယောင်းယောင်း
ဝတ်စုံကိုမဆို ရှောင်သင့်ပါသည်။
Narrow Shoulder - ပခုံးကျဉ်းသူများအတွက်လိုက်ဖက်သည့်ပုံစံများ
- ပခုံးရေမြုပ်ပါအင်ကျီ၊ ပခုံးစွန်းအနည်းငယ်ထွက်နေသည့်အင်ကျီလက်။
- လက်ဖောင်းအင်ကျီ၊
ပန်းဖွားပခုံးဒေါက်၊ရင်ဘက်တွင်အိပ်ပါသောအင်ကျီများ
- ဗွီပုံလည်ပင်းပေါက် ခပ်ကျယ်ကျယ် ၊ကော်လံခပ်ကြီးကြီးများ။
- ခန္ဓာကိုယ်ရစ်ပတ်တဲ့ Wrap Style အင်ကျီများ
ကကျဉ်းနေတဲ့ပခုံးကိုအားဖြည့်ပေးတယ်။
ရှောင်ရန်
- ပခုံးလျှော
လက်မောင်းဆက်အင်ကျီ
-ကီမိုနိုအင်ကျီလက်ပွ
- လည်ပင်းမှာသွားစုနေတဲ့ အင်ကျီပုံစံ
Brod Should - ပခုံးကျယ်သူများလိုက်ဖက်သည့်ပုံစံ
- ပခုံးလျှောလက်၊ အရောင်ရင့်ရင့်၊ ဗွီပုံလညိပင်းခပ်ဟိုက်ဟိုက်
- ကော်လာကျဉ်းကျဉ်းသေးသေး၊ လက်အနားခေါက်ပါသည့်အင်ကျီများ
ရှောင်ရန်
Wrap Style အင်ကျီများ၊ကော်လာအကြီး၊ လက်ဖောင်းအင်ကျီ
ပခုံးရေမြုပ်ပါအင်ကျီ၊ရင်ဘတ်အိပ်ပါသောအင်ကျီ၊
တောက်ပသောလေး
ထောင့် ဒီဇိုင်းဆန်သောပိတ်စများ
လည်ပင်းကျယ်ကျယ်
ဒီအချက်တွေကတော့ကျယ်နေတဲ့ပခုံးကိုပိုပြီးကျယ်သ
ယောင်ထင်စေရတဲ့အတွက် သတိထားသင့်ပါတယ်။
Full Bust- ရင်သားပြည့်ဖြိုးသူများအတွက်လိုက်ဖက်သည့်
အချက်များ
- မိမိနှင့်ကွက်တိတော်သောအင်ကျီများနှင့်
- ဗွီပုံလည်ပင်းခပ်ဟိုက်ဟိုက်Warp Styleအင်ကျီများ
- ကော့ဆက်ပုံစံများ(ခန္ဓာကိုယ်တွင်တင်းတင်းရင်းရင်းရှိပြီးရင်သားနေရာတွင်အနည်းငယ်ချောင်သောပုံစံ)
- လေးထောင့်ဆန်ဆန်ကော်လံများ
- ရင်ဘက်ဒေါက်ပါအင်ကျီများ
- ရင်ဘက်နေရာအနည်းငယ်ရှည်သယောင်ဖြစ်စေဖို့ပခုံးတွင်အခုအခံအနည်းငယ်ထည့်နိုင်ပါတယ်
- တံတောင်ဆစ်လောက်မှစပြီးအောက်ဘက်ကိုအနည်းငယ်ကားသွားသည့်အင်ကျီလက်ရှည်
ရှောင်ရန်
- အနံဗြက်ကျယ်သောခါးစည်းများ
- အောက်နားကားသောလက်တိုအင်ကျီ
- ကော်လာကြီးကြီး
- အပွင့်အဆင်ခပ်ကြီးကြီး
- မာသောပိတ်စများ
- ပုခုံးလျှောအင်ကျီ
- ပွယောင်းယောင်းအင်ကျီ
- ကီမိုနိုစတိုင်အင်ကျီ
Small Bust-
ရင်သားသေးသူများနှင့်လိုက်ဖက်သည့်အချက်များ
- မိမိနဲ့ကွက်တိတော်သည့်အင်ကျီများ၊အင်ပါရာခါးတိုင်နဲ့ခပ်ကျဉ်းကျဉ်းဗွီပုံလည်ပင်းပေါက်အင်ကျီများ
- ရင်ဘက်အပ်ပါအင်ကျီများကမိမိရဲ့ရင်သားအနည်ငယ်မို့ဖောင်းသယောင်ထင်စေသည်
- -အောက်ပိုင်းမှဝတ်ထားသောအဝတ်အစားအရောင်ထက်ပိုမိုအရောင်တောက်သောအင်ကျီ
- ကော်လာခပ်ကြီးကြီးအင်ကျီများ
ရှောင်ရန်
- -ပုံစံကျအောင်ချုပ်ထားသောခပ်တောင့်တောင့်အင်ကျီများ
(ကိုယ်ခန္ဓာ
အင်ကျီပုံအတွင်းပြည့်အောင်မဖြည့်နိုင်၍)
- မာသောပိတ်စများ
- -ပွယောင်းယောင်းအင်ကျီ
- -ကီမိုနိုစတိုင်လက်ပွပွ
Tummy-ဗိုက်ပူသူများအတွက်လိုက်ဖက်သည့်အချက်များ
- -မချောင်လွန်းမကျပ်လွန်းသောအင်ကျီ၊အင်ကျီအရှည်ကခါအောက်ပိုင်းနှင့်ကွက်တိဖြစ်သောအင်ကျီ
- -ပူနေသောဗိုက်ကိုအာရံမရောက်အောင်ဗွီပုံလည်ပင်းခပ်ဟိုက်ဟိုက်အင်ကျီများ
- -သိပ်မကျပ်၊အသားသိပ်မကပ်တဲ့ပိတ်စနဲ့ချုပ်ထားတဲ့အင်ကျီ
- -ဒေါင်လိုက်အရသာရအောင်၊ဒေါင်လိုက်အစင်းပါတဲ့အင်ကျီ၊ချိုင်းထိမြင့်အောင်ချုပ်ထားတဲ့အင်ကျီ
- -အပေါ်အောက်အရောင်လိုက်ဖက်မှုရှိအောင်ဝတ်သင့်ပါတယ်
ရှောင်ရန်
- အရမ်းအသေးစိတ်ကြအောင်ဖြတ်တောက်ချုပ်ထားသော၊
- ဒီဇိုင်းပေါ်လွင်အောင်အထူးဖန်တီးထားသောအင်ကျီများ
အထူးသဖြင့်ပူနေသောဗိုက်နားမှာဒီဇိုင်းတွေများနေရင်ပူတဲ့ဗိုက်ကိုပေါ်စေတယ်.......
မီးအရပ်က အင်တာနေရှင်နယ်လ်ဆိုတော့ဘိုလိုဝတ်ရင်ကောင်းမလဲဟင်:P:P
ReplyDelete